ကျနော်က ပို့စ်တွေ ပုံမှန်မတင်တော့ ညီအစ်ကိုမောင်နှမအားလုံးကို အားနာမိပါတယ်။ဒါကြောင့် ကျနော်ပို့စ်တွေ ပုံမှန်မတင်နိုင်တဲ့ အတူတူ ဘလော့ရေးခြင်းမှ ခေတ္တခဏ ရပ်နားပါ့မယ်....။ ကျနော်ပို့စ်တင်တဲ့ ရည်ရွယ်ချက်က ကရင်စာပေ၊ သမိုင်းကြောင်းတွေ၊ ကရင်ရိုးရာယဉ်ကျေးမှုဓလေ့တွေကို စုစည်းချင်တဲ့ ဆန္ဒနဲ့ပါ။ ကျနော်က ဘလော့ရဲ့အပေါ်ပိုင်းတွေမှာ ကရင်စာ၊ စကား၊ ယဉ်ကျေးမှုတွေကို လေ့လာသင်ယူဖို့ ဆိုတဲ့ စာတန်းဖြစ်ဖြစ်၊ flash နဲ့ဖြစ်ဖြစ် တင်ထားလေ့ရှိပါတယ်။ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ကရင်ဖြစ်ပါတယ် ဆိုတဲ့ အတွေး ခေါင်းထဲမှာ ၀င်နိုင်ဖို့ပါ။
လူတိုင်းလူတိုင်းမှာ ကိုယ့်အမျိုး၊စာပေ၊ ယဉ်ကျေးမှု ချစ်တတ်တာ သဘာဝပါ။ အဲ့လိုမှ မဟုတ်ရင် အဲ့ဒီလူမျိုးဟာလည်းပဲ ကမ္ဘာပေါ်မှာ မရပ်တည်နိုင်တော့ပါဘူး။မြန်မြန် ပျောက်ကွယ်သွားမှာပါ။ကိုယ့်ကိုယ်ကိုယ် ဒီစာပေ၊ ဒီစကား၊ ဒီယဉ်ကျေးမှု မသုံးရင်၊ မပြသနိုင်တော့ရင် ဒါက ကရင်လူမျိုးပါလို့ သွားပြောရင် ဘယ်သူကယုံတော့မှာလဲ။ဒါကြောင့် လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောဟာ စာပေ၊ စကားပဲ လို့ ပညာရှင်တွေက ဆိုထားပါတယ်။
အရင်ပို့စ်မှာလည်း ဆောင်းပါးတစ်ပုဒ်တင်ခဲ့ပြီးပါပြီ။ ကမ္ဘာပေါ်မှာ နှစ်တိုင်းနှစ်တိုင်း လူမျိုးဘယ်နှစ်မျိုး ပျောက်ကွယ်သွားတာလဲ ဆိုတာ တင်ခဲ့ပါတယ်။ အဝေးရောက်အစ်ကိုမောင်နှမတွေအတွက်လည်း ကရင်အကြောင်းနဲ့ပတ်သက်တဲ့ စာပေတွေကို ဖတ်နိုင်၊ သိရှိနိုင်ဖို့ပါ..။ဘလော့တင်ရင်းနဲ့ ဘလော့အကြောင်းနည်းနည်းပါးပါးကိုလည်း လေ့လာဖြစ်ပါတယ်...။ဒါကြောင့် ညီအစ်ကိုမောင်နှမတွေ အနေနဲ့ သိချင်တာလေးရှိရင် ကျနော့်အီးမေလ်မှာ တတ်နိုင်တဲ့ဘက်က ကူညီချင်ပါတယ်..။ကျနော့်ရဲ့ အကြောင်းကြောင်းကြောင့် ဘလော့ရေးခြင်းမှ ရပ်နားတာပါ...။ နောင်တစ်ချိန် အဆင်သင့်ရင် ကရင်စာပေတွေ၊ သမိုင်းကြောင်းတွေ စတာတွေကို ဒီထက်ကောင်းအောင် ကြိုးစားချင်ပါတယ်...။ဒီဘလော့ကိုလည်း ဒီတိုင်းပဲ ရှိနေမှာပါ...။စာပေ၊ သမိုင်းကြောင်းတွေကို တတ်နိုင်သမျှ တင်ခဲ့ပြီးပါပြီ။ လိုအပ်ရင် ပို့စ်အဟောင်းတွေမှာ ဖတ်နိုင်ပါတယ်ခင်ဗျာ..။
ငါတို့တစ်ထွေဟာ အသိပညာ၊အတတ်ပညာ၊ နည်းပညာတွေ၊ စီးပွါးရေး၊ နိုင်ငံရေးစတာတွေကို အများကြီး လိုအပ်ချက်တွေ ရှိမယ်ထင်ပါတယ်။
ဒါကြောင့် ဒီလိုအပ်ချက်တွေကို သူသူငါငါ၊ နောင်တက်လာမယ့် မျိုးဆက်သစ်အားလုံး တတ်နိုင်တဲ့ဘက်က ပါဝင် ဖြည့်ဆည်းပေးဖို့ တောင်းဆိုချင်ပါတယ်။ဒါကတော့ ကျနော့်ရဲ့ တောင်းဆိုချက် သက်သက်ပါ။ ဖြစ်လာဖို့
မဖြစ်လာဖို့ကတော့ လုပ်ဆောင်ချက်အပေါ်မှာပဲ တည်ရှိနေမှာပါ။
အားလုံးကိုလည်း အမြဲတမ်း သတိရနေမှာပါ...။
ကျာ်သြီ့ထင်းထ၀့် အှ်ဆံင်းအှ်ခႜါင့်္ဘေ့္ဘးသာသိုဝ်..ဏေ၀်္ဘးလာၟကိုဝ့်ဟှာဍေဆာ်...။
















အောက်မှာ ပေးထားတဲ့ ကုဒ်တွေကို ဘယ်လို အလုပ်လုပ်တယ်ဆိုတာ.. နည်းနည်း ရှင်းပြပါ့မယ်။
(၁)အောက်မှာ ပြထားတဲ့ စာတစ်ပိုဒ်ဟာ marquee လို့ခေါ်တဲ့ ဘေးကို ပြေးတဲ့ စာတန်းထိုးနည်းလေးပါ။ ပြေးချင်တဲ့စာကို ဘယ်မှာ ရိုက်ထည့်ရမလဲဆိုရင်…
ဥပမာ…
ဒီလိုကရင်စာနဲ့ ပြထားတဲ့ စာသားကို ထည့်ရမှာဖြစ်ပါတယ်။ ဒါက ပုံမှန်ပြေးခိုင်းတဲ့နည်းပါ။
အောက်က အနှေးပုံစံထည့်မယ်ဆိုရင် ..ဒီလို ထည့်ရမှာဖြစ်ပါတယ်။scrollamount=”3” ဒီနေရာမှာ “3”ကို မိမိကြိုက်တဲ့ အနှေး/အမြန် (1.2.3.4.5)စသည့်ဖြင့် ပြောင်းထည့်ပေးပါ။
(၂)ဒီနည်းကလည်း marquee ပါပဲ။ ဒါပေမယ့် သူက ဘေးပြေးတာကို ပျောက်သွားတာ မဟုတ်ဘဲ ဟိုဘက်ဒီဘက် ဘောင်ခတ်ပြီး ပြန်လာတဲ့ စတိုင်ဖြစ်ပါတယ်။
သူလည်းပဲ အနှေးပုံစံ လုပ်ချင်ရင် …
လို့ ထည့်ပေးရမှာဖြစ်ပါတယ်။
(၃)ဒီအောက်မှာ ကုဒ်ကတော့ စာသားတွေ အများကြီး ထည့်ပြီးတော့ box ပုံစံနဲ့ အပေါ်နဲ့ အောက် ပြေးခိုင်းတဲ့ ကုဒ်တွေဖြစ်ပါတယ်။
စာသားကတော့ </marquee>
စာလုံးအရှေ့မှာ မိမိထည့်ချင်တဲ့ စာသားကို ရိုက်ထည့်ပါ။
(၄)အောက်မှာ ကုဒ်ကတော့ စာလုံးကို ဟိုဘက် ဒီဘက်ပြေးတာ မဟုတ်ဘဲ တစ်နေရာတည်းမှာပဲ မှိန်တုတ်မှိန်တုတ် ပြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
စာသား ထည့်ပုံကတော့ ခုနကအတိုင်းမှာပါပဲ…ဒီကုဒ်တွေ အလုပ်လုပ်ပုံကို ကြည့်ချင်ရင် ဒီမှာ Demo သွားကြည့်ပါ။ တကယ်လို့ အဆင်မပြေတာရှိရင် ပြောကြားနိုင်ပါတယ်…။ယှူးမုက်လာဆ်ာကိုဝ်ဟှာဍေ….။